top of page

သွားချေးကျောက် ဘာကြောင့်ဖြစ်တာလဲ ?

Updated: Jul 3


teeth with a lot of plaque, dental calculus, tartar
Dental Scaling Treatment

သွားကျောက်များဖြစ်ပေါ်စေတဲ့ အကြောင်းအရာ

===============================

နေ့စဉ် အစားစာများ စားသုံးပြီးတဲ့အခါ ပလုတ်မကျင်း၊ သွားပြန်မတိုက်မိရာကနေ စားကြွင်းစားကျန်များ ၊ တံတွေး မှ ဖြစ်ပေါ်လာသော သတ္တုဓာတ်များ ပေါင်းစပ်ကာ ဘက်တီးရီးယားများ ပေါက်ဖွားလာပြီး ထိုမှတဆင့် သွားကျောက်များ စတင်ဖြစ်ပေါ်လာရခြင်း ဖြစ်သည်။


သွားချေးကျောက် ဘာကြောင့်ဖြစ်တာလဲ ?


-သွားပုံမှန် မတိုက်ခြင်း

-သွားတိုက်နည်း မှားနေခြင်း

-အစာစားပြီးတိုင်း အာလုပ်မကျင်းခြင်း

-သွားပွတ်ကြိုး မသုံးခြင်း

-ခံတွင်းသန့်ရှင်းမှု အားနည်းခြင်း စတဲ့ ပြဿနာများကြောင့် သွားချေးကျောက်များဖြစ်ပေါ်လာရခြင်းဖြစ်သည်။

dental pain, tooth decay, ရေစီးကမ်းပြိုခြင်း
Side effects of dental calculus

သွားကျောက်ကနေတဆင့် ဘယ်လိုဆိုးကျိုးတွေဖြစ်လာနိုင်လဲ ?


-သွားကျောက်မှတဆင့် သွားပိုးစားခြင်း

-ခံတွင်းအနံ့ဆိုးများ ထွက်ပေါ်လာခြင်း

-သွားဖုံး ရောင်ခြင်း

-အစာစားတိုင်း သွားကြားညှပ်ခြင်း

-သွားဖုံးများ နိမ့်ကျလာခြင်း

-သွားကျောက်များကြောင့် သွားနာခြင်း

-အစာစားတိုင်း သွားကျဉ်ခြင်း

-အစားအမာ စားခြင်းနှင့် သွားတိုက်ခြင်းများတွင် သွားဖုံးမှ သွေးထွက်ခြင်း

နောက်ဆုံး ရေစီးကမ်းပြို ရောဂါများ ဖြစ်လာနိုင်ပါတယ်။ သွားကျောက်မဖြစ်အောင် ဘယ်လို ကာကွယ်နိုင်လဲ ?


-အစာစားပြီးတိုင်း အာလုပ်ကျင်းပေးခြင်း

-တနေ့ (၂)ကြိမ် သွားတိုက်ပေးခြင်း

-ခံတွင်းသန့်ဆေးရည် သုံးပေးခြင်း

-သွားပွတ်ကြိုး သုံးပေးခြင်း

-ဖလိုရိုက်ပါဝင်သော သွားတိုက်ဆေးသုံးပေးခြင်း

-သွားအတွင်းထိ ၄၅ ဒီဂရီစောင်းပြီး သွားတိုက်ပေးခြင်း

-ကိုယ်နဲ့သင့်တော်တဲ့ သွားပွတ်တံ ရွေးချယ် အသုံးပြုပေးခြင်း တို့ ပြုလုပ်ပေးသင့်ပါတယ်။

using floss, tooth brush daily, အစာအစားပြီးတိုင်း ပါးလုပ်ကျင်းပေးခြင်း
How to protect from tooth calculus ?

သွားကျောက်ဖြစ်လာပါက ဒီတိုင်းဖယ်ရှားလို့ ရပါသလား ?


သွားကျောက်များကို ဒီတိုင်းမဖယ်ရှားနိုင်ပါဘူး။ သွားကျောက်များကို သွားနှင့်ခံတွင်းဆရာဝန်များထံ သွားရောက် ဖယ်ရှားသင့်ပါတယ်။သွားကျောက်ဖယ်ရှားပြီးချိန်တွင် သွားနဲ့သွားဖုံးထိစပ်တဲ့နေရာတွေကို လျှာနဲ့ထိမိတိုင်း ခိုးလို့ခုလု ခံစားရစေပါတယ်။ဒါက သွားကျောက်များမရှိတော့လို့ ဒီလိုခံစားရတာဖြစ်ပြီး ၃ရက်အကြာမှာ ပုံမှန်အတိုင်းနေသားကျသွားမှာဖြစ်ပါတယ်။


သွားကျောက်ခြစ်ပြီးရင် ဘာတွေပြောင်းလဲလာနိုင်လဲ ?


-သွားများ သန့်လာခြင်း

-ခံတွင်းနံ့ကောင်းလာခြင်း

-သွားဖုံးများ ကျန်မားလာခြင်း

-သွားတိုက်တိုင်း သွားဖုံးသွေးထွက်ခြင်းများ မဖြစ်တော့ခြင်း

-မှန်ကြည်တိုင်း သန့်စင်နေတဲ့သွားလေးကြောင့် စိတ်ကျေနပ်မှုရစေခြင်း

-ယုံကြည်မှုရှိရှိ ပြုံးရယ်နိုင်ခြင်း စတဲ့ အရာများ ပြောင်းလဲလာမှာဖြစ်ပါတယ်။


သွားနှင့်ခံတွင်း ကျန်မားရေးကို ၆ လတကြိမ် စစ်ဆေးပေးခြင်းနှင့် သွားကျောက်များကိုလဲ သွားကျောက်အနည်းအများပေါ်မူတည်ပြီး သွားကျောက်ခြစ်ပေးခြင်းများပြုလုပ်ပေးသင့်ပါတယ်။သွားကျောက်ခြစ်ပေးခြင်းသည် သွားနှင့်ခံတွင်း ရောဂါများကိုလည်း ကာကွယ်ပေးပြီးသားဖြစ်စေပါသည်။


သွားနှင့်ခံတွင်းပြဿနာများနှင့်ပတ်သက်ပြီး appointment ရယူလိုပါက -

☎️ 09970000966 ( သို့မဟုတ် ) 09978777777 ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

Location

Address

Hlaing Branch
218(The Century Building), Yangon - Insein Road, Near Than St Bus stop Hlaing, 11051

Time City Branch
No.37/Quarter, Between Hantharwaddy and Kyun Road, Kamayut Yangon

Opening Hours

Opening everyday, 8:00 - 19:00

Contact

  • alt.text.label.Facebook
  • Instagram

09-978777777, 09-970 000 966

©2022 by Jasmine Dental Center

bottom of page