top of page

သွားပိုးစားခြင်း ‌ဝေဒနာ ဖြစ်ရတဲ့ အဓိကအကြောင်းအရင်းများ ...


suffering from toothache
Dental Caries

ကမ္ဘာပေါ်ရှိ လူပေါင်းများစွာထဲမှာ အနည်းနဲ့အများကတော့ သွားနှင့် ပတ်သက်ပြီး ပြဿနာများရှိတက်ကြပါတယ်။ ဒီထဲမှာမှ သွားပိုးစားခြင်းဟာ ကမ္ဘာ့အဖြစ်အများဆုံး သွားနှင့်ခံတွင်းကျန်းမာရေးအခြေအနေတွေထဲက တခုဖြစ်ပါတယ်။


Dental Caries (သွားပိုးစားခြင်း) ဖြစ်ရတဲ့အကြောင်းအရင်း

========================================

ခံတွင်းထဲ ဘတ်တီးရီးယားပိုးဝင်ခြင်းနှင့်အချိုဓာတ်အလွန်အကျွံပါရှိသော အစားစာများကြောင့် ဖြစ်ပေါ်လာခြင်းပဲ ဖြစ်ပါတယ်။အစားအစာအကြွင်းအကျန်နဲ့ တံထွေးတို့ပေါင်းကာ ထိုမှတဆင့် သွားပိုးပေါက်ဖြစ်လာပြီး သွားအခေါင်းပေါက်များ ဖြစ်လာနိုင်ပါတယ်။သွားပိုးစားခြင်းကို မကုသပါက သွားပိုးပေါက်များပျံ့လာပြီး သွားအတွင်းလွှာများကိုလဲ ထိခိုက်စေကာ သွားတချောင်းပါ ဆုံးရှုံးနိုင်စေသည့်အထိ ဖြစ်နိုင်ပါတယ်။


Dental Caries (သွားပိုးစားခြင်း) ရဲ့လက္ခဏာ

===============================

-သွားကိုက်ခြင်း

-သွားကြွေလွှာများတွင်အပေါက်များဖြစ်ခြင်း

-သွားကျင်ခြင်း

-အစားစာများစားလျှင် စူးပြီးနာကျင်ခြင်း

-အပူ ၊ အအေး ၊ အချို များစားလျှင် ပို၍ နာကျင်ခြင်း

-သွားများတွင် အမည်းရောင် ၊အညိုရောင် များဖြစ်နေခြင်း


ဘယ်လိုအခြေနေမှာ ဆရာဝန် ပြသင့်လဲ?

==============================

-မခံမရပ်နိုင် ဆက်တိုက် သွားများကိုက်ခြင်း

-သွားကိုက်ဝေဒနာကြောင့် ဖျားနာခြင်း

-ခံတွင်းအနံ့ဆိုးများ ထွက်လာခြင်း များ ဖြစ်ပေါ်လာပါက သွားဆရာဝန်များထံ ပြသင့်ပါတယ်။

Children experience tooth decay more than adults
Children's dental health

သွားပိုးစားခြင်းသည် လူကြီးလူငယ်မရွေးဖြစ်တက်ပြီး ကလေးများတွင်အဖြစ်များဆုံးဖြစ်ပါတယ်။


ကလေးများတွင် အဖြစ်များတဲ့ သွားပိုးစားခြင်းအကြောင်း

=======================================

မိဘများက ကလေးငယ်ရွယ်စဉ်အချိန်ကတည်းက ခံတွင်းကျန်းမာရေးနှင့် ပတ်သက်ပြီး ကောင်းမွန်စွာ ဂရုစိုက်ပေးရမှာပါ။


ကလေးနှင့်သွားပိုးစားခြင်းကို ဘယ်လိုကာကွယ်သင့်လဲ?

========================================

-ကလေးများကို အစာကျွေးပြီးတိုင်း သွားဖုံးများကို ဂွမ်းစ(သို့)အဝတ်စ နုနုလေးနဲ့သန့်ရှင်းပေးခြင်း

-ကလေးငယ်များ သွားစထွက်လာချိန်တွင် သွားတိုက်ဆေးအသုံးမပြုသေးဘဲ သွားတိုက်ပေးခြင်း

-သွားဖုံးနေရာများကို သန့်ရှင်းရေးလုပ်ပြီး ဖိပေးခြင်း

-သွားများအကုန်ထွက်လာချိန်တွင် သွားနှင့်ခံတွင်းသွားကြားမကျန် ဂရုတစိုက် သွားသန့်ရှင်းရေးလုပ်ပေးခြင်း


ကလေးသွားစထွက်လာချိန် ဘာတွေပြုလုပ်ပေးသင့်လဲ?

=======================================

-အစာစားပြီးတိုင်းသွားတိုက်ပေးရန်

-အိပ်ရာဝင်ခါနီးတကြိမ် သွားတိုက်ပေးခြင်း

-နူးညံ့တဲ့ သွားတိုက်တံ သုံးပေးခြင်း

-ငယ်သွားများစုံလင်စွာ ပေါက်လာပါက ကြိုးမျှင်ဖြင့် သွားကြားသန့်ရှင်းခြင်း (flossing) အသုံးပြုပေးနိုင်ခြင်း တို့ဖြစ်ပါတယ်။


ငယ်သွားများ စုံလင်စွာထွက်လာပါက သွားနှင့်ခံတွင်းဆရာဝန်များထံ သွားကျန်းမာရေး စစ်ဆေးပေးခြင်းများပြုလုပ်ပေးသင့်ပါတယ်။ ပုံစံမမှန်တဲ့ သွားအခြေအနေနှင့် သွားပိုးစားခြင်းပုံစံများမဖြစ်ခင် သင့်ကလေးကို သွားဆရာဝန်ဆီ သွားကျန်းမာရေစစ်ဆေးပေးခြင်းသည် အကောင်းဆုံးနည်းလမ်းပင်ဖြစ်ပါသည်။


" သွားတချောင်းမဆုံးရှုံးခင် သွားပိုးစားခြင်းမဖြစ်အောင် ကာကွယ်ကြပါစို့ "


သွားနှင့်ခံတွင်းပြဿနာများနှင့်ပတ်သက်ပြီး appointment ရယူလိုပါက -

☎️ 09970000966 ( သို့မဟုတ် ) 09978777777

𝐇𝐥𝐚𝐢𝐧𝐠 𝐁𝐫𝐚𝐧𝐜𝐡

အမှတ် (𝟐𝟏𝟖) ၊ 𝐇𝐨𝐲𝐚 𝐇𝐨𝐭𝐞𝐥 (𝐓𝐡𝐞 𝐂𝐞𝐧𝐭𝐮𝐫𝐲 𝐁𝐮𝐢𝐥𝐝𝐢𝐧𝐠)မြေညီထပ်၊

ရန်ကုန် - အင်းစိန်လမ်းမကြီး၊ သံလမ်းမှတ်တိုင်အနီး၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့။

☎️𝟬𝟵-𝟵𝟳𝟴 𝟳𝟳𝟳 𝟳𝟳𝟳

Hlaing Branch Google Map

https://maps.app.goo.gl/aLxQjvGenpJamb5q8


𝐓𝐢𝐦𝐞𝐬 𝐂𝐢𝐭𝐲 𝐁𝐫𝐚𝐧𝐜𝐡

𝐍𝐨.𝟑𝟕/𝐐𝐮𝐚𝐫𝐭𝐞𝐫, 𝐁𝐞𝐭𝐰𝐞𝐞𝐧 𝐇𝐚𝐧𝐭𝐡𝐚𝐫𝐰𝐚𝐝𝐝𝐲 𝐚𝐧𝐝 𝐊𝐲𝐮𝐧 𝐓𝐚𝐰 𝐑𝐨𝐚𝐝 𝐊𝐚𝐦𝐚𝐲𝐮𝐭 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩,𝐘𝐚𝐧𝐠𝐨𝐧.

☎️𝟬𝟵-𝟵𝟳𝟬𝟬𝟬𝟬𝟵𝟲𝟲

Times City Branch Google Map

https://maps.app.goo.gl/aLxQjvGenpJamb5q8

44 views0 comments

Comments


bottom of page